တမန်တော်ကြီး အီဘရာဟီမ်နှင့် ဘေဘီလုံးခေတ်
အီဘရာဟီမ်သခင်သည် အီရတ်(ဘေဘီလုံး)ရှိ ‘အုရ်’ဟူသော ဒေသတွင်ဖွားမြင်ခဲ့သည်။ ဘီစီ ၂၁၀၀ခုနှစ်လည် ထိုဒေသတွင် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှု အထွတ်အထိပ်သို့ရောက်နေခဲ့ပြီး ထိုခေတ်သည် တမန်တော်ကြီး အီဘရာဟီမ်၏ ခေတ်ဟု ကမ္ဘာ့သမိုင်းပညာရှင်တို့က ဆိုကြသည်။ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတိုးတက်သော်လည်း နာမ်ပိုင်းဆိုင်ရာမှာ နိမ့်ကျလျက်ရှိခဲ့၏။ ရုပ်တုများ သွန်းလုပ်ကိုးကွယ်ကြ၏။ နေ၊ လ၊ နက္ခတ်တာရာတို့ကို ကိုးကွယ်ကြသည်၊ မြို့တိုင်း အတွက် နတ်ရုပ်တစ်ခုရှိသည်။ ဘုရင်သည် တိုင်းပြည်၏ အကြီးဆုံး နတ်ရုပ်ကိုယ်စား အုပ်ချုပ်သည်ဟုဆို၍ ဘုရင်ကိုလည်း ကိုးကွယ်ရာ ဖြစ်နေသည်။
ဖန်ဆင်းရှင် ကျေးဇူးတော်ရှင် အလ္လာဟ်ကိုစွန့်လွှတ်၍ ထိုမမှန်ကန်သော ကိုးကွယ်မှုများ အကြားတွင် အီဘရာဟီမ်သခင် မွေးဖွားကြီးပြင်းလာသော်လည်း အမှန်တရားကို ဆင်ခြင်ခဲ့သည်။ ရုပ်တုနှင့် နက္ခတ်များကိုးကွယ်ခြင်းကို စွန့်လွှတ်ခဲ့သည်။ အလ္လာဟ်သည် အီဘရာဟီမ် သခင်အား ထိုခေတ်၏ တမန်တော်ကြီး အဖြစ် ချီးမြှင့်ခဲ့လေသည်။ အလ္လာဟ်၏ ဝဟီလမ်းညွှန် အားလုံးတို့ကို ဟောကြားခဲ့သည်။ မိမိ၏ ဖခင်၊ မိမိ၏ ပတ်ဝန်းကျင်နှင့်ဘုရင် စသည်တို့၏ ဆန့်ကျင်ဒုက္ခပေးမှုကို ခံခဲ့ရသည်။
နောက်ဆုံးဘုရင်က မီးဖြင့်သေဒဏ်ပေးခြင်းကို ချမှတ်ခဲ့သော်လည်း မိမိ၏အသက်၊ စည်းစိမ်ကို စွန့်လွှတ်ကာ အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း တစ်သဝေမတိမ်း ဆောင်ရွက်ခဲ့၍ အလ္လာဟ်က သေဒဏ်မှ ကယ်တင်လွတ်မြောက်စေခဲ့သည်။ (ကုရ်အာန် ၂း၁၂၄-၁၃၀-၁၃၅။ ၃း၉၅။ ၆း၇၄-၇၉။၂၁း၅၁-၇၁။ ၂၆း၇၀-၈၂။၂၁း၆၉)
ထို့နောက် တမန်တော်ကြီး အီဘရာဟီမ်သည် တရားပြ၍ မရသော မွေးရပ်မြေကို စွန့်ခွာ၍ အရမ်(သို့) ဆီးရီးယားနှင့် ပါလက်စတိုင်း ဒေသများသို့ ထွက်ခွာခဲ့လေသည်။ ဇနီးနှင့်တူဖြစ်သူ ‘လုသွ်’တို့လည်း ပါဝင်ခဲ့သည်။ လုသ်ွသခင်ကို အလ္လာဟ်က တမန်တော်အဖြစ် ချီးမြှင့်၍ ‘ဆိုဒုမ်း’နှင့်‘ဂိုမိုးရဟ်’ဒေသ (ယခုဂျော်ဒန်နိုင်ငံ ပင်လယ်သေအနီးဒေသများ)တွင် သွားရောက် တရားအလင်း ပြစေခဲ့လေသည်။ ကုရ်အာန် (၃၇း၉၉)(၁၁း၇၀)။
တမန်တော်ကြီး အီဘရာဟီမ်သည် သားဆုပန်ခဲ့ရာ အလ္လာဟ်က သဘောတူလက္ခံခဲ့၍ သားတော် ‘အီစ္စမာအီးလ်’ကို ချီးမြှင့်ခဲ့သည်။ (၃၇း၁၀၀-၁၀၁)။ ငယ်စဉ်ကပင် ဖခင်ကဲ့သို့ပင် အလ္လာဟ်အတွက် အသက်စွန့်၍ ကုရ်ဘာနီပြုခံရဲသူဖြစ်၍ နောင်သောအခါ တမန်တော်တစ်ပါး ဖြစ်လာခဲ့လေသည်။
ပင်လယ်သေနှင့် ၂၀ ရာစု အေအိုင်ဒီအက်စ် ရောဂါဆိုး
ထိုခေတ်က ဆိုဒုမ်းနှင့် ဂိုမိုးရဟ်အရပ်ရှိ လူတို့သည် သဘာဝကို ဆန့်ကျင်သည့် လိင်တူ ကာမဆက်ဆံမှု၊ ခရီးသွားတို့အား လမ်းပိတ်၍ တမရားကျင့်မှု၊ ဓားပြတိုက်မှု၊ အဓမ္မကျင့်မှုတို့ကို ပြုလုပ်နေကြသည်။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်လုသ်ွကို ထိုဒေသသို့ သွားရောက်၍ တရားအလင်း ပေးစေခဲ့လေသည်။
သို့သော် များစွာသော သူတို့သည် ဖန်ဆင်းရှင် အလ္လာဟ်ရှင်နှင့် အလ္လာဟ်၏ တမန်တော်ကို လက်မခံဘဲ ငြင်းပယ်ရုံသာမက ဖော်ပြပါ ညစ်ညမ်းသောပြစ်မှုတို့ကို လူစုဝေးရာ၌ပင် ဆက်လက်ပြုကျင့်နေခဲ့ကြသည်။ တမန်တော်လုသ်ွ၏ ဇနီးသည်ပင် ထိုလူနေမှုစနစ်ကို လက္ခံခဲ့၍ ခင်ပွန်းဖြစ်သူ တမန်တော်ကို ငြင်းဆန်ခဲ့သည်။ တမန်တော်လုသ်ွက အတန်တန် သတိပေးနေသည့် ကြားမှပင် အလ္လာဟ်ထံမှ ပြစ်ဒဏ်ချစမ်းပါဟူ၍ များစွာသော သူတို့က လှောင်ပြောင် ပြောဆိုခဲ့ကြသည်။
နောက်ဆုံးတွင် အလ္လာဟ်သည် တမန်တော်လုသ်ွနှင့် ယုံကြည်သူနောက်လိုက်တို့ကို မြို့တွင်းမှ ထွက်ခွာစေသည်။ အလ္လာဟ့် လမ်းညွှန်ကို ယုတ်ညံ့စွာ ဆန့်ကျင်ခဲ့သည့် မြို့သားတို့အပေါ် ပြင်းထန်သောငလျင်ကြီး ကျရောက်၍ အားလုံးသေကြေ ပျက်စီးခဲ့ကြလေသည်။ တမလွန်တွင်မူ ပို၍ဆိုးသော ပြစ်ဒဏ်က ဆီးကြိုလျက်ရှိပေသည်။ ထိုငလျင်ကြီးကြောင့် ပြိုပျက်ခဲ့၍ မြေကျွံခဲ့ဟန် ရှိပေသည်။ ခေတ်အဆက်ဆက် လူသားတို့အား အလ္လာဟ်က သင်ခန်းစာအဖြစ် ပင်လယ်သေကြီးကို ယနေ့တိုင် ပြသထားပေသည်။ (ကုရ်အာန် ၁၁း၇၈။ ၂၉း၂၉။ ၁၅း၆၇-၇၂)
ယနေ့ကမ္ဘာ၏ အနိမ့်ဆုံးနေရာမှာ ဂျော်ဒန်နိုင်ငံရှိ ပင်လယ်သေပင် ဖြစ်သည်။ အာရဗ်တို့က လုသွ်၏ ပင်လယ်ဟု ခေါ်ကြသည်။ ထိုပင်လယ်သေအတွင်း၌ အပင်များ၊ သက်ရှိများ မရှင်သန်နိုင်ချေ။ ထိုပင်လယ်တွင်း၌ လူ ရေနစ်မမြုပ်ချေ။ ရေပေါ်၌သာ ပေါ်နေ၏။
ယနေ့ ကမ္ဘာလှည့် ခရီးသည်များစွာတို့ သွားရောက် အပန်းဖြေရာ နေရာတစ်ခုဖြစ်၏။ ယနေ့ ၂၀ရာစု ယဉ်ကျေးမှုဟု ခေါ်တွင်နေသော အနောက်တိုင်းသားတို့သည် တမန်တော်လုသ်ွခေတ်က ကဲ့သို့ပင် စည်းကမ်းမဲ့စွာ ကာမဆက်ဆံမှု၊ လိင်တူကာမဆက်ဆံမှုတို့ကို တိုင်းပြည်တွင်း၌ တရားဝင် လက္ခံပြုကျင့်လာကြသည်။ တစ်ပါးတည်းသော အလ္လာဟ်နှင့် လမ်းညွှန်ကို ဆန့်ကျင်ခဲ့ကြ၏။ အလ္လာဟ်သည် ရောဂါအမျိုးမျိုးပေး၍ သင်ခန်းစာပေးနေသည်။ ၁၉၈၅ ခုနှစ်တွင် အေအိုင်ဒီအက်စ်(AIDS) ရောဂါဆိုး ပြစ်ဒဏ် ကျရောက်ခဲ့ပေပြီ။ လုံးဝ ပျက်စီးခြင်းမကျမီ ပြုပြင်လျှင် ကောင်းပေစွ။
ကအ်ဘဟ်ကျောင်းတော်နှင့် ဟဂ်ျ
အလ္လာဟ်အရှင်မြတ်သည် တမန်တော်ကြီး အီဗရာဟီမ်နှင့် သားတော် အစ္စမာအီလ်တို့ကို ဘတ်ကဟ်အရပ် (ယခုခေတ် မက္ကာမြို့ ဆော်ဒီအရေဗျနိုင်ငံ)၌ ကအ်ဗာ ကျောင်းတော်၏ အုတ်မြစ်ကို မြှင့်တင်စေခဲ့သည်။ (ကုရ်အာန် ၂း၁၂၇)။ အလ္လာဟ်ကို သက်ဝင်ယုံကြည်သူ ကမ္ဘာ့လူသား မျိုးနွယ်ဆက်အားလုံးတို့၏ ဗဟိုဌာနအဖြစ်သော် လည်းကောင်း၊ ပထမဆုံးကျောင်းတော် အဖြစ် လည်းကောင်း သတ်မှတ်စေခဲ့သည်။
ကမ္ဘာ့လူသား မျိုးဆက်အားလုံးကို ထိုကျောင်းတော်သို့ လာရောက်၍ ဟဂ်ျပြုရန် ကြွေးကြော် စေခဲ့သည်။ တမန်တော်ကြီးအီဗရာဟိမ်ရပ်ခဲ့သည့် နေရာ(မကာမီအီဗရာဟီမ်)သည် ယနေ့တိုင် ကအ်ဘဟ်ကျောင်းတော်၌ တွေ့မြင်နိုင်ပေသည်။ (ကုရ်အာန် ၃း၉၆း၉၇)။
အလွန်ရှေးကျသော ထိုခေတ်မှစ၍ ဟဂ်ျကျင့်စဉ် ပေါ်ပေါက်ခဲ့လေသည်။ ကအ်ဘဟ် ကျောင်းတော်သည်လည်း မုစ်လင်မ်များနှစ်စဉ် စုဝေးနေရာအဖြစ် ယနေ့တိုင် သက်သေအဖြစ်ရှိနေပေတော့သည်။
No comments:
Post a Comment