Sunday, 17 June 2012
ရှေးဟောင်း သမ္မာကျမ်းထဲမှာ ဂျီးဇတ် ပြောသော တမန်တော်မြတ် မုဟမ္မတ် ပွင့်မည့် အကြောင်း
ရှေးဟောင်း သမ္မာကျမ်းထဲမှာ ဂျီးဇတ် ပြောသော တမန်တော်မြတ် မုဟမ္မတ် ပွင့်မည့် အကြောင်း
Posted by taqwaone in သတင်း. Leave a Comment
တူရကီနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ သမ္မာကျမ်းစာ အဟောင်းထဲ မှ တမန်တော် မုဟမ္မတ် နဲ့ပတ်သတ်၍ ကြိုတင်ပြောကြားထားကြောင်း တွေ့ရှိရသည်။
“အစ္စလာမ် ရဲ့ယုံကြည်ချက်ရော သမ္မာကျမ်းထဲမှာပါ ဂျီးဇတ် ကို ဘုရားသခင်ရဲ့သားတော် တစ်ပါးအနေနဲ့ မဟုတ်ဘဲ၊ လူသားတစ်ယောက် အဖြစ်သာ ဖော်ပြထားပါတယ်” ဟု တူရကီနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ၀န်ကြီးဖြစ်တဲ့ အာသူဂရှုလ်း ဂူန်နေ က Daily Mail သတင်းစာမှာ ဖော်ပြထားပါတယ်။
“သုးံပါးတစ်ဆူ နဲ့ လက်ဝါးကပ်တိုင်ပေါ်မှာ ပေးဆပ်ခဲ့တယ်ဆိုတဲ့ အယူအဆကို လည်း အဲ့စာအုပ်က ငြင်းပယ်ထားပြီး တမန်တော်မြတ် မုဟမ္မတ် ပွင့်ပေါ်မည့် အကြောင်းကို ပြောကြားထားပါတယ်။”
နှစ်ပေါင်း ၁၅၀၀ လောက်က သခင်ယေရှုရဲ့ အနီးကပ်ဆုးံ သာဝကကြီး ဘာနားဘာစ် ရဲ့ စာအုပ်သာ သမ္မာကျမ်းစာ အစစ်ဖြစ်တယ်လို့ မွတ်စ်လင်မ်တွေက ယုံကြည်ပါတယ်။
သာဝကကြီး ဘာနားဘာစ် ဟာ သခင်ယေရှု ရဲ့ သာဝက ၁၂ ပါးထဲက တစ်ပါးလည်းဖြစ်ပါတယ်။ သာဝကကြီး ဘာနားဘာစ် ဟာ ဆိုက်ပရိုက်တ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုတည်ထောင်သူဖြစ်ပြီး အစောပိုင်း ခရစ်ယာန်တွေကတော့ သူ့ကို သခင်ယေရှု စေလွတ်လိုက်တဲ့ ၁၂ ပါးထဲက သာဝကတစ်ပါးအဖြစ်သိကြပါတယ်။
“သားရေ သေတ္တာ ထဲက သားရေပေါ် မှာ ရေးထားပြီး အထဲမှာပါတဲ့ ကျမ်းချက်တွေကလည်း အစ္စလာမ်ရဲ့ ယုံကြည်မှုနဲ့ တူညီစွာ ဖော်ပြထားပြီး ခရစ်ယာန် ဘာသာဝင်တို့ကို အံအားသင့်စေခဲ့ပါတယ်” လို့ အာသူဂရှုလ်း ဂူန်နေ ကပြောပါတယ်။
ဂျီးဇတ်ကို အလ္လာဟ်စေလွတ်တဲ့ တမန်တော်များထဲမှမြင့်မြတ်တဲ့ တမန်တော်တစ်ပါးဖြစ်ပြီး၊ အလ္လာဟ်ရဲ့သားတော် မဟုတ်၊ မရ်ယမ်သခင်မရဲ့သားတော်သာဖြစ်ကြောင်း နဲ့ ထူးဆန်းစွာမွေးဖွားလာကြောင်း မွတ်စ်လင်မ်တွေက ယုံကြည်ကြပါတယ်။
ကုရ်အာန်ကျမ်းတော် မှာ ဂျီးဇတ်ကို အီစာလို့ သုးံထားပြီး အလ်မစီဟ် နဲ့ အီဗ်နေ့ မရ်ယမ် ( မရ်ယမ်၏သားတော်) ဟူ၍လည်း သုးံစွဲထားပါတယ်။
သူ့ရဲ့ လက်ဝါးကပ်တိုင်ပေါ်မှာ ပေးစပ်သွားခြင်း နဲ့ ပတ်သက်ပြီး မွတ်စ်လင်မ်တွေက ယင်းသို့ဖြစ်ခဲ့ခြင်း မဟုတ်၊ အရှင်မြတ်က ကောင်းကင်ဘုံ ဆောင်ယူ သွားခြင်းသာ ဖြစ်သည် ဟု ယုံကြည်ကြသည်။
ကမ္ဘာရဲ့နောက်ဆုးံနေ့ မတိုင်မီ ဂျီးဇတ်ပြန်လာ၍ ငြိမ်းချမ်းရေးကို ပြန်လှန် တည်မြဲစေပြီး၊ ခရစ်တော်ကို ဆန့်ကျင်သူများ (အလ်-ဒဂျလ်) ကိုခုခံပြီး အောင်မြင်မှုနဲ့ အမှန်တရားကို ယူဆောင်လာမည်ဟု ယုံကြည်ကြသည်။
အမှန်တကယ် ဂျီးဇတ်ရဲ့ နောက်လိုက်သူတွေဟာ ဂျီးဇတ်ကို တားဆီးသူ၊ ငြင်းပယ်သူ၊ မှားယွင်းစွာ ကိုယ်စားပြုသူတို့ အပေါ် မှာ အောင်မြင်မှုရမှာ ဖြစ်ကြောင်း မွတ်စ်လင်မ်တို့ က သက်ဝင်ယုံကြည်ကြသည်။
အမေရိကန်တွင် ဇူလိုင်၂၀ ရက်နေ့တွင် ရမသွာန်လမြတ် စတင်မည်
အမေရိကန်တွင် ဇူလိုင်၂၀ ရက်နေ့တွင် ရမသွာန်လမြတ် စတင်မည်
Posted June 17, 2012 by taqwaone in Uncategorized. Leave a Comment
အမေရိကန်ရှိ မွတ်စ်လင်မ် တို့သည် ရမသွာန်လမြတ်ကို ဇူလိုင်လ၂၀ ရက်နေ့ တွင် နက္ခတ္တဗေဒ တွက်ချက်မှုအရ စတင်မှာဖြစ်ကြောင်းသိရသည်။
“ရမသွာန် ပထမရက် က အလ္လာဟ်အလိုတော်နဲ့ သောကြာနေ့ဖြစ်မယ်” လို့ မြောက်အမေရိကား ဖိကာရ်ကောင်စီ(FCNA) ရဲ့ ထုတ်ပြန်ချက်ကို onislam.net မှ သိရသည်။
နောက်ထက် အဖွဲ့အစည်းတစ်ခုဖြစ်သော အမေရိကားအစ္စလာမ်အဖွဲ့အစည်းတစ်ခုဖြစ်သော (ISNA) မှပြောကြားချက်အရ ၁၉ရက်နေ့မှာ မက္ကာမြို့တွင် ရမသွာန်ရဲ့ ကနဦး လသစ် မွေးဖွားမှာဖြစ်ကြောင်း နက္ခတ္တဗေဒ တွက်ချက်မှုအရ သိရှိရသည်။
ပထမ တရာဝီ ဆွလာသ်ကို ကြာသပတေးနေ့တွင် စတင်ဖတ်မှာ ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ရမသွာန်လမြတ်တွင် မွတ်စ်လင်မ်တို့သည် ခရီးသွားခြင်း၊ အစားအစာ၊ရေ၊ ဆေးလိပ်၊ ကာမဆက်ဆံမှုတို့ကို အာရုဏ်ဦးမှ ညနေနေ၀င်ချိန်အထိ ရှောင်ရှားကြသည်။
ရမသွာန်လမြတ်အတွင်း မွတ်စ်လင်မ်တို့သည် မိမိတို့၏ အချိန်တို့ကို ထာဝရအရှင်နှင့် နီးစပ်မှုရရန် အတ္တကိုထိန်းချုပ်၍ တောင်းဆုပြုခြင်း၊ကောင်းမြတ်သောကိစ္စရပ်များ၌ နှစ်မြုပ်ထားကြသည်။
မွတ်စ်လင်မ်တို့သည် ရမသွာန်လမြတ်တွင် ကျမ်းမြတ်ကုရ်အာန် လေ့လာခြင်းဟာ သူတို့ရဲ ပုံမှန်ကိစ္စရပ်တစ်ခုလို ပြုလုပ်လေ့ရှိကြသည်။
တစ်ချို့လူတိုသည် နောက်ဆုးံ ရမသွာန် ၁၀ ရက်ကို ဗလီကျောင်းတော်တွင် မပျက်နေထိုင်၍ ကောင်းမြတ်သော အမူကိစ္စရပ်များအတွက် ၀ိညဉ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ကြသည်။
အိးဒ်ပွဲတော်
နောက်ဆုးံ ရမသွာန်လမြတ်ကို သြဂုတ်လ ၁၉ရက် စနေနေ့ တွင်ပြီးဆုးံမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှ သိရသည်။
“ဒါကြောင့် ပထမ ရှောင်ဝလ်လ၊ အီးဒ်ကို သြဂုတ်လ ၁၉ရက် မှာ အလ္လာဟ်အလိုတော်နဲ ကျင်းပမှာဖြစ်ပါတယ်။”
အမေရိကန်ရှိ အစ္စလာမ်အဖွဲ့ အစည်း နှစ်ခုဖြစ်တဲ့ FCNA နဲ့ ISNA ဟာ နက္ခတ္တဗေဒ တွက်ချက်မှု ကို ရှောင်ဝလ်လ နဲ့ ရမသွာန် အပါအ၀င် လနဲ့ ပတ်သက်တဲ့ ဆုးံဖြတ်ချက်ချတဲ့နေရာမှာ လက်ခံနိုင်ဖွယ်ရှိကြောင်း အသိအမှတ်ပြု လက်ခံကြသည်။
ပထမ ရမသွာန် လ ကြည့် မှုနဲ့ ပတ်သက်ပြီး မွတ်စ်လင်မ် နိုင်ငံတွေနဲ့ ပညာရှင်တွေကြားမှာ အငြင်းပွားဖွယ် ကွဲပြားတဲ့ အမြင်တွေရှိကြသည်။
အုပ်စုတစ်ခုက ပညာရှင်တွေက တခြားမွတ်စ်လင်နိုင်ငံတွေကို တူညီစွာ ပြုလုပ်ဖို့ အကယ်၍ ထို နိုင်ငံ များ ရဲ့ ညပိုင်းဟာ တူညီမှုရှိခဲ့မယ်ဆိုရင်ပေါ့၊ အခြား ပညာရှင်တွေက မွတ်စ်လင်မ်တိုင်း ဆော်ဒီနိုင်ငံရဲ့ ပြက္ခဒိန်ကို လက်ခံ သင့်တယ်လို့ပြောကြတယ်။
တတိယ အုပ်စုက အပေါ်အုပ်စု နှစ်ခုလုးံကို ငြင်းတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ တာဝန်ရှိ သူတွေက လ နဲ့ ပတ်သက်ပြီး ဆုးံဖြစ်ချက်ကို ယင်းနိုင်ငံမှ မွတ်စ်လင်မ် အားလုးံ လိုက်နာသင့်ကြောင်းပြောကြားသည်။
ပုံမှန်အားဖြင့် မွတ်စ်လင်မ်တွေအတော်များများ ကို ရှုပ်ထွေးစေသည် အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ရမာသွာန်လ နဲ့ နောက်ဆုးံ အိးဒ်ပွဲပြုလုပ်ရာတွင် အခက်အခဲဖြစ်စေသည်။
Ref: http://www.onislam.net/english/news/americas/457586-ramadan-starts-july-20-in-north-america.html
Subscribe to:
Posts (Atom)